သရက်ချောင်း ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က ဂုံညှင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ် ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသက်(၁၀) နှစ်ပြည့်(၇၂)ဦး၊ အသက်(၁၈)နှစ်ပြည့်(၁၁)ဦး၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း(၄၆)ဦး စုစုပေါင်း(၁၂၉)ဦးနှင့် အိမ်ထောင်စုမိတ္တူ(၅၀)စောင်တို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစ်ရေးကတ်ပြား နှင့်အိမ်ထောင်စုစာရင်းများကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ(၃)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းခလိုက်(သရခ)