ညောင်ဦးမြို့နယ်၌ အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာ ပေးနှိုးဆော်

ညောင်ဦး  ဇန်နဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လူမှုကွန်ယက်များတွင် လှုံ့ဆော်မှုအဖြစ် အများပြည်သူပါဝင်မှု မရှိစေရန် သတင်းထုတ်ပြန်ချက် အသိပေးကြေငြာခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်မှ စတင်ပြီး မြို့ပေါ်ရပ်ကွက်နှင့် လူစည်ကားရာဈေးပတ်လည်တွင် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့နှိုးဆော်ရာတွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှနိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ် သပိတ်ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီး ခြင်းများ၊ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ယက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။ ယင်းသို့လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက  ဥပဒေအရ အရေးယူခံနိုင်ရသဖြင့် အများပြည်သူ သိရှိနိုင် စေရန် အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော CRPH၊ NUG နှင့်ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူထူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တယားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှ တဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည် သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ဝါဒဖြန့်မှုများအပေါ်မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကိုထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂/(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့်ပုဒ်မ ၅၀၅-က၊အီလက်ထရော နစ်ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့်တည်ဆဲဥပဒေများအရ အရေးယူခံ ရနိုင်ပါသည်။ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်း ခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုလုပ်ကြရန်နှင့်ပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ယွန်းဝတီ