(၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် မြောက်ဦးခရိုင် Community Center ခန်းမ၌ ဟောပြောပွဲပြုလုပ်

မြောက်ဦး  ဇန်နဝါရီ  ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် ဟောပြောပွဲကို ယနေ့နေ့လယ်(၁၂)အချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   အကြီးတန်းစာရေး  ဦးတင်ဝင်းက (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ၂၀၂၂ခုနှစ်ပြည်ထောင်စုနေ့ ဦးတည်ချက်(၅)ရပ်ထဲမှ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အချုပ်အချာအာဏာတည် တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးတို့အား  ကျောင်းသူ/ကျောင်းသား များအားရှင်းပြောကြားခဲ့သည်။ အဆိုပါ ကျောင်းသူ/ကျောင်းသားများကို  အစွမ်းရှိတဲ့ ကြက်ကလေးရုပ်ပြစာအုပ်ထဲမှ ကြက်မိသားစုထဲတွင် အငယ်ဆုံးကြက်ကလေးသည် အားငယ်နေ၍ အခြားသော ကြက်ကလေးများမှ ကူညီထောက်ပံ့ပေးကြသလိုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော  တိုင်းရင်းသားညီကိုမောင်နှမများသည် တစ်ဦးအခက်အခဲကြုံလာလျှင် တစ်မှကူညီပေးတတ်ကြပြီးစည်း စည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့် နေထိုင်လာကြသည်မှာ  နှစ်ပေါင်းများစွာ ကြာမြင်လာပြီဖြစ်သည်။လူမျိူးတစ်မျိုးနှင့် တစ်မျိုး ဘာသာစကားမတူကြသော်လည်း မျိုးချစ်စိတ်ကြောင့် ချစ်ခင်စွာဥမကွဲသိုက်မပျက်  စည်းစည်းလုံးလုံးနှင့်   တစ်ဦးပေါ်တစ်ဦးဖေးမှပေးကူညီ ပေးကြ၍ ယနေ့ထက်တိုင် ပျော်ရွှင်စွာနေထိုင်လာခဲ့သည်ဟု ကျောင်းသူ/ ကျောင်းသားများကို ရှင်းလင်းပြောကြားခဲ့သည်။ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲတွင် ကျောင်းသူ/ကျောင်းသား (၂၅) ဦးရောက်ရှိလာပြီး ထိုကျောင်းသာများ ကိုပြည်ထောင်စုမြန်မာမြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်သောနိုင်ငံဖြစ်၍ စည်းလုံးခြင်းသည်အင်အား ဆိုသည့်အတိုင်းရောက်ရှိလာသော ကျောင်းသားများကိုမိမိတို့  စည်းလုံး ညီညွှတ်မှသာလျှင် နောင်နှစ်ပေါင်းများစွာ ပြည်ထောင်စုတည်တံ့နေမည်ဖြစ်ပြီး ကျောင်းသူ/ကျောင်းသားများမှလည်း ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)