တွံတေး ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဆံတော် ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော် စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေး အတွက် ယာယီပိတ်ထားရာမှ စေတီတော်မြတ်ကြီးအား ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်နှင့်အညီ မြို့နယ် သံဃနာ ယက ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မေလဆန်းမှ စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါရွှေဆံတော်စေတီတော်မြတ်ကြီးကို နေ့စဉ်နံနက်(၆)နာရီမှ ညနေ(၅)နာရီအထိ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားပြီဖြစ်သည်။ ဘုရားဖူးပြည်သူများအား၊ အပူချိန်တိုင်တာခြင်း၊ Mask တပ်ဆင်ပြီး၊ လက်သန့်ဆေးရည်ဖြင့် သန့်စင်စေပြီးမှ စေတီတော်အား တက်ရောက်ဖူးမျှော်ရမည်ဖြစ်ကြောင်း သိရှိရသည်။
စေတီတော်ရင်ပြင်ပေါ်ရှိ တန်ဆောင်းများအားလုံး ဘုရားဖူးလာပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရေး ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြင်နိုင်ပြီးဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးမင်းလွင်ထံမှ သိရှိရသည်။
အဆိုပါစေတီတော်မြတ်ကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထမြောက် အမြင့်ဆုံး စေတီတစ်ဆူဖြစ်ပြီး ဉာဏ်တော်အမြင့် ( ၂၅၀)ပေ၊ပင်လယ်ရေပြင်အထက်အမြင့် ( ၈၆.၃၅၆ ပေ)၊ စေတီတော်ရင်ပြင်အကျယ်မှာ (၄.၄၇) ဧကရှိကာ ယင်းစေတီတော်မှာ ရှေးနှစ်ပေါင်း ( ၂၅၀၀) ကျော်က တည်ထားခဲ့ကြောင်းသိရှိရသည်။
တွံတေးသား