မအီ ဇန်နဝါရီ ၂၇
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု ကာလအတွင်း မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ဖတ်ရှုခြင်း၊ စာအုပ်စာစောင်များ လာရောက်ငှားရမ်းခြင်း မပြုနိုင်သည့် စာဖတ်ပရိသတ်များ၊ အသိပညာဗဟုသုတ ရှာမှီးနေကြသည့် ကလေးသူငယ်များ အတွက် ရည်ရွယ်၍ သံတွဲခရိုင်၊ မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အွန်လိုင်း(Online)မှတဆင့် အသိပညာပေး အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များ မိတ်ဆက်ပေးခြင်း၊ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ရုပ်ပြကာတွန်းများတင်ဆက်ခြင်း၊ စက္ကူရုပ်ခေါက်ခြင်း၊ ပန်းအလှဆင်ခြင်း၊ ရောင်စုံစက္ကူများဖြင့် ရုပ်ပုံအမျိုးမျိုးပြုလုပ်ခြင်း စသည့် အစီအစဉ်များကို စာဖတ်ပရိသတ်များ၊ ကျောင်းသား/ကျောင်းသူများ၊ စာပေဝါသနာချစ်မြတ်နိုးသူများ၊ ကလေးသူငယ်များ သိရှိနိုင် စေရန် မအီမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ အသိပညာပေး အစီအစဉ်များကို Online မှတဆင့် စဉ်ဆက်မပြတ် လွှင့်တင်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)