ကျောက်ဆည် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ငရုပ်စိုက်ဧက (၁၅၄၁) ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ(၁၁၉၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ငရုပ်များစိုက်ရာတွင် တောင်သူများအနေဖြင့် စိုက်ပျိုးမြေ အနေအထားနှင့် ဈေးကွက်ရရှိရေး သီတင်းကျွတ် လမှတစ်ပိုတွဲလအထိ စိုက်ပျိုးကြကြောင်း စိုက်ပျိုးရာတွင် အစိုစိုက် (ရေတင်စိုက်ပျိုးခြင်း)နှင့် အခြောက်စိုက် (ထယ်ရေးပြင်ပြီး သားမြေတွင် မြေကျင်းတူးရေလောင်းစိုက်ပျိုးခြင်း) ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း သိရှိရကာ ခူးဆွတ်ရောင်းချရာတွင် ဈေးကွက်ကောင်းပါက အသီးအစိမ်းဆွတ်ရောင်းပြီး ဈေးကွက်မကောင်းပါက အမှည့်ထားအခြောက်လှန်းရောင်ချခြင်းများ ပြုလုပ်ကြကြောင်း စပါယ်တော ကျေးရွာမှ တောင်သူဦးကျော်သိန်းက ပြောပြသည်။
ငရုပ်များစိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင် (၂၉၁)ဧက၊ တိုက်နယ်(၂)တွင် (၃၈၈)ဧက၊ တိုက်နယ်(၄)တွင် (၉၈)ဧက၊ တိုက်နယ်(၅) တွင်(၁၆)ဧက၊ တိုက်နယ်(၆)တွင် (၄၂)ဧက၊ တိုက်နယ်(၈)တွင်(၄၅)ဧက၊ တိုက်နယ် (၁၀)တွင်(၁၄၃)ဧက၊ တိုက်နယ်(၁၁)တွင် (၉၆)ဧက၊တိုက်နယ်(၁၂)တွင်(၇၄)ဧက စုစုပေါင်း(၁၁၉၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)