ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခွဲ(၂၅) တို့ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအဖြစ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြုကဗျာ၊     မြဝတီသတင်းစာပါ ကဗျာဆရာ နွေဦးကိုကို (နေပြည်တော်) ရေးသားသည့် သွေးစည်းတွင်ရစ် ပြည့်အနှစ်နှင့် ချစ်စရာ့ ပြည်ထောင်စုနေ့ ကဗျာစသည့် အကြောင်းအရာများကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလွင်၊ ဦးစီးအရာရှိ ဦးညိုထွန်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာသိင်္ဂီဌေးတို့က ဦးဆောင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မန္တလေးခရိုင်ပြန်/ဆက်