မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး

မိုင်းယန်း        ဖေဖော်ဝါရီ     ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပွင်းလင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးကိုရှောင် မလောင်ခင်တားဆိုသည့် ဆောင်ပုဒ်နှင့်အညီ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ပြည်သူ များအနေဖြင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ပြည်သူတစ်ဦး ချင်စီက စည်းကမ်းရှိစွာဖြင့် သတိရှိကြမည်ဆိုပါက ရန်သူမီးဝါးမျိုခြင်းအန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မိုင်းယန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်သူရမှ မီးသတ်ဦးစီးဌာန ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ အကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ မီးလောင်မှုမမြစ်ပွားစေရန် ကြိုတင်ကာ ကွယ်ရမည့်အချက်များ၊ မီးလောင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် မီးလောင်မှုဖြစ်ပွားလာပါက ပြည်သူများအနေဖြင့် ဆောင်ရွက်ရ မည့်အချက်များကို အကျယ်တဝင်းရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)