ချောင်းဦး ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်စေရေးရည်ရွယ်ပြီး ယမန်နေ့က အခမ်း အနားမှူး သင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ယှဉ်ပြိုင်ပွဲပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ဌာနတွင်းဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်စေရေးရည်ရွယ်ပြီး အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသို့ ဝန်ထမ်း ၁၅ ဦး တက်ရောက် သင်ကြားခဲ့သည်။ သင်တန်းဆရာများအဖြစ် ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးနှင့် စာကြည့်တိုက်မှူး ဒေါ်ခင်မီမီကျော် တို့မှသင်ကြားပေးခဲ့သည်။ သင်တန်း တက်ရောက်သူများ ထဲမှ ၅ ဦးအား ရွှေးချယ်ပြီး အခမ်းအနားမှူးစွမ်းရည် ယှဉ်ပြိုင်ပွဲပြုလုပ် ခဲ့သည်။
ဆုပေးပွဲ အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု များအား သင်တန်းဆရာမနှစ်ဦးနှင့် အတူပေးအပ်ချီးမြှင့် ခဲ့သည်။
ဝင်းမြင့်အောင်(ပြန်ဆက်)