မိုးကောင်း ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ စာကြည့်တိုက် ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နီနီလွင်မှ ညှိနှိုင်းအစည်းဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာဖတ်ဝိုင်း၊ Talk Show နှင့် အခြားအသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းရမည့်အချက်များပြောကြားပြီး တက်ရောက်လာသော စာကြည့်တိုက်ကော်မ တီဝင်များနှင့် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ အသက်ဝင်လှုပ်ရှားလာစေရန် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ရေးညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကိုလည်း တက်ရောက် လာသူများက စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)