ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်

ကျောက်ဖြူ ဖေဖော်ဝါရီ ၈

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပပြုလုပ်လျက်ရှိရာ အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် စိန်ရတုပြည်ထောင်စုနှင့် အနာဂတ်ရောင်စုံ ပန်းခင်းများ ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့မှလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပြည်ထောင်စုအမွေ ကမ္ဘာတည်စေ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦးတို့မှလည်းကောင်း၊ စိတ်ပါဝင်စား စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ကျဆရာ၊ ဆရာမများက အနီကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲများတွင် မြို့နယ်အဆင့် ဆုရွေးခြယ်ရေးအဖွဲ့မှ ရွေးခြယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများ၏ အကောင်းဆုံး ပန်းချီကားတစ်ပုံစီနှင့် အကောင်းဆုံး ကဗျာတစ်ပုဒ်စီတို့အား ရခိုင်ပြည်နယ်၊ စစ်တွေသို့ပို့ဆောင်၍ ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၇)မြို့နယ်ထဲမှ အကောင်းဆုံး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်မှ ထပ်မံစိစစ် ရွေးခြယ်၍ ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း