ရေနံချောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ ၄၀ မိနစ် က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မေတ္တာမြို့၌ (ရ၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကွန်ကရစ် ကျောက်ချော တက် လမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကွန်ကရစ် ကျောက်ချောတက် လမ်းဖွင့်ပွဲ အခမ်းအနားကို မေတ္တာမြို့၊ ဆူးလေပုံတူ ဘုရားတက်လမ်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၌ ( ၇၅ ) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ်၊ ( ၇၅ ) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ( ၆ ) ၊ တိုင်းရင်းသားအထိမ်းအမှတ်ဉယျာဉ်ရှိ ပြည်ထောင်စု ရင်ပြင်ရှေ့၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ /ဆရာမများ နှင့် ဆုရကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတု  ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့်သဝဏ်လွှာ ဖတ်ပွဲကျင်းပ

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို ဖေဖော်ဝါရီ(၁၂)ရက် နံနက် (၅:၃၀) နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့တွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ညွန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

စလင်းမြို့နယ်တွင်တစ်ကြိမ်တစ်ခါမှကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများ အားSputnikဆေးထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိို့နယ်တွင် တစ်ကြိမ်တစ်ခါမှကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများ အားSputnik ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀မိနစ်အချိန်က စလင်းမြို့နယ်ပြည်သူ့ဆေးရုံးနှင့် ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးဦးစီးဌာနမှထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

မိတ္ထီလာအကျဉ်းထောင်မှ  လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား ရှစ်ဦးအား လွှတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနမှ  လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား ရှစ်ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ  အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိသူ အကျဉ်းသား (၁၃) ဦးလွှတ်ပေး

ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ကျရောက်သော စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၂၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ အကျဉ်းသားများအား ယမန်နေ့နံနက်ပိုင်းက လွှတ်ပေးခဲ့ကြောင်းသိရသည်။
Subscribe to