မရမ်းကုန်း ဖေဖော်ဝါရီ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကာကွယ်နိုင်ရန်အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(mask)တပ်ဆင်ရေးနှိုးဆော်ခြင်းအား အမှတ်(၄)ရပ်ကွက် အောင်မင်္ဂလာကျောင်းလမ်းရှိ ပျံကျစျေးတွင် ယမန်နေ့နံနက် ၁၀း၀၀နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပေးနှိုးဆော်ခြင်းများကို အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များကဆောင်ရွက်ကြပြီး စျေးအတွင်းရှိ ပြည်သူ များအား နှာခေါင်းစည်း(mask)စုစုပေါင်း(၂၀၀၀)ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)