ဇလွန်မြို့နယ်ရှိ ဌာနဆိုင်ရာများ အသင်းအဖွဲ့များစုပေါင်း၍ နှမ်းမနဲထိုးပြိုင်ပွဲကျင်းပ

ဇလွန်     ဖေဖော်ဝါရီ     ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ အရမြန်မာတို့၏ အချင်းချင်း ဝိုင်းဝန်းကူညီခြင်းကို ဖော်ကျူးပြသရန်ဇလွန်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ရှေ့အစဉ်အလာ မပျက်နှမ်းမနဲထိုးပြိုင်ပွဲကို ယမန့်နေ့ ညနေ ၃ နာရီအချိန်တွင် ဇလွန်မြို့မာရ် အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

နှမ်းမနဲထိုးပြိုင်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ အမျိုးသမီးရေးရာ + မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ ရဲတပ်ဖွဲ့အသင်း၊ ပညာရေးအသင်း၊ စိုက်ပျိုးရေးအသင်း၊ စည်ပင်သာယာရေးအဖွဲ့အသင်း၊ ဆည်မြောင်းအသင်း၊ ညောင်ပင်စျေးရပ်ကွက်အသင်း၊ ကမ်းနား ရပ်ကွက်အသင်း၊ စက်မှုလယ်ယာ + လယ် / စီ /အင်း + ငါးလုပ်ငန်းအသင်း ၊ စာရင်းစစ် + ပြန် / ဆက် + မီးသတ် + လယ်ယာဖွံ့ဖြိုးဘဏ်အသင်း ၊ စီမံကိန်း + မွေး / ကု + လ.ဝ.က + ကျေးလက် / ဖွံ့ဖြိုး + မိုးဇလ+စာတိုက်+ဖုန်း+ရေကြောင်းအသင်း စုစုပေါင်း(၁၂) သင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အကဲဖြတ် ဒိုင်အဖွဲ့များက စိစစ် ရွေးချယ် အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းက နှမ်းမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမ ဆုရအသင်းများ၊ နှစ်သိမ့်ဆုရရှိသော အသင်း (၇)သင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း နှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဇလွန်မြို့နယ်ရှိ ဌာနဆိုင်ရာများ အသင်းအဖွဲ့များ စုပေါင်း၍ပြိုင်ပွဲဝင်နှမ်းမနဲများဖြင့်  ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ သံဃာတော်များအား တပို့တွဲလပြည့်နေ့တွင် ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ