ဘားအံမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ဘားအံ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အပတ်စဉ်အင်္ဂါနေ့တွင် မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်း ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)