ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဝါးခယ်မ ဖေဖော်ဝါရီ ၁၅

ဧရာဝတီဝတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက‌ ရွှေခယ်သီရိအားကစားခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေးမထိုးနှံရ ပြည်သူ (၁၅၀)ဦးနှင့် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူပြည်သူ (၂၄၂)ဦး တို့အားကျန်း မာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဆေး‌ထိုးရန် ကျန်ရှိနေသောပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မ ပြန်/ဆက်)