ဒိုက်ဦး ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ ကန်တော် မင်္ဂလာလမ်းဆုံနှင့် ဒရယ်မီးတာဆုံတို့၌ *မြို့တွင်းဝင်လျှင် (၂) ကြိမ်ဆေးထိုးပြီး ကဒ်ပါရမည်။ MASK မတပ်လျှင် မြို့ထဲသို့လုံးဝဝင်ခွင့်မပေးပါ။ (၂) ကြိမ် ဆေးထိုး ပြီး ကဒ်မပါလျှင်မြို့ ထဲသို့ဝင်ခွင့်မပေးပါ။ MASK မတပ်လျှင် (၁) ဦး လျှင်ဒဏ်ငွေ (၅၀၀၀ိ/)ရိုက်ပါမည်* ဟူသော ဗွီနိုင်းပိုစတာများ လိုက်လံချိတ်ဆွဲ ခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ပြင်ပသို့ သွားလာကြသော ပြည်သူများနှင့် မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား ၂ ကြိမ်ဆေးထိုးပြီးကဒ်ပြားများ ယူဆောင်လာကြရန်၊ နေအိမ်ပြင်ပ သို့သွားလာပါက နှာခေါင်းစည်း (Mask) များကိုစနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ ဟောင်းနွမ်းနေသော (Mask) များကို မတပ်ဆင်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာအသိပညာပေး အကြောင်းအရာများကို ပြောကြားပြီး နှာခေါင်းစည်း (Mask) များစစ်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) မတပ်လာသူများအား အိမ်ပြင်ထွက်လျှင် တပ်ဆင်ရန်လိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)