လိပ်သို ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် လယ်ယာမြေစီမံခန့်ခွဲရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Talk Show)ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး နော်နီလာအေးက(Talk Show) ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ထို့နောက်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးစောဒေးဖိုးက လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရေးအတွက် သိရှိထား သင့်သော အကြာင်းအရာများ၊ လယ်ယာမြေဆိုသည်မှာ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများရရှိရန်၊ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားနိုင်သူများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားရမည့်နေရာ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများ အစရှိသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နော်နီလာအေး(လိပ်သို)