ရေးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်​ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ​ပေး လှည့်လည်နှိုး​ဆော်

​ရေး ​ဖေ​ဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ ​ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြား​​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ  ဝန်ထမ်း များက ယ​နေ့ ​​နေ့လယ်ပိုင်းက မြို့​ပေါ်ရပ်ကွက်များအတွင်း လူစည်ကားရာ​နေများ၌ အသိပညာ​ပေး လှည့်လည်နှိုးဆော်​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာ၌  ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ ဒယ်လ်တာထက် ကူးစက်ပျံ့နှံ့မှုနှုန်း နှစ်ဆခန့် ပိုမိုမြန်ဆန်ခြင်းကြောင့် ရောဂါကူးစက် မခံရရေးအတွက် သတိပြုနေထိုင်ကြရမည် ဖြစ်သော်လည်း အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမပြုကြရန်၊ ​ဒေသခံပြည်သူများ​နေဖြင့် မိမိတို့မြို့ရွာအတွင်း  ​ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးအား  အကြိမ်အပြည့်အဝ  ထိုးနှံထားကြရန်၊ ​ကာကွယ်​ဆေး မထိုးရ​သေးသူများမှလည်း သွား​ရောက်ထိုးနှံကြရန်၊ ပြည်သူများအနေဖြင့် ရိုးရှင်း လွယ်ကူသည့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​​ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ​နေခြင်း၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာ​ခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/ နှာ​ချေလျှင် တစ်ရှူး(သို့မဟုတ်)တံ​တောင်​ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ​အောင် စနစ်တကျ​ဆေး​ကြောရန်၊ နိုင်ငံ့ဝန်ထမ်းများ​အ​နေဖြင့်လည်း ကျန်းမာ​ရေးဦးစီးဌာနက ထုတ်ပြန်ချက်များကို စနစ်တကျ လိုက်နာကြရန်နှင့် ဖျားနာခြင်းများ ဖြစ်ပွားပါက နီးစပ်ရာကျန်းမာ​ရေး ​ဆေးခန်းများသို့ အမြန်ဆုံးသွား​ရောက်ပြသ ခြင်းများဖြင့် ကိုဗစ်ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေးအတွက်  ပြည်သူတစ်ရပ် လုံးက  ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် လှည့်လည်၍ အသိပညာ​ပေး နှိုး​ဆော်ခဲ့ကြသည်။

ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်