ကျိုက်မရော ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ အတ္ထရံမြစ်ကမ်းနားရှိ ဆုတောင်းပြည့်စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယ ပွဲတော်အောင်ပွဲအဖြစ် ဆွမ်းလောင်းလှူပွဲ အခမ်းအနားကို တပို့တွဲလပြည့်နေ့ နံနက် ၉ နာရီက ကိုးနဝင်း စေတီတော်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းလောင်းလှူပွဲ အခမ်းအနားတွင် ကိုးနဝင်းကျောင်းတိုက်ဆရာတော် ဘုရားကြီးက ၅ ပါးသီလ တရားချီးမြှင့်တော်မူပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်အပါး ၁၀၀ တို့အား အလှူ့ ဒါယကာ၊ ဒါယကာမများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းခြောက်များကို လောင်းလှူခဲ့ကြသည်။
ဆွမ်းလောင်းပွဲအပြီးတွင် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအထိမ်းအမှတ်အဖြစ် ဆိုင်းဝိုင်းကြီးများ၊ တီးဝိုင်းများအကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)