ကျိုက်လတ်မြို့နယ်တွင် မူးယစ်‌ဆေးဝါးအန္တရာယ် တားဆီးကာကွယ်‌ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကျိုက်လတ်  ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နံရံကပ် ပြဘုတ်တွင် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိနိုင်စေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁)နာရီက   မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင် ပြသခြင်း  ဆောင်ရွက်ခဲ့ သည်။

အသိပညာပေး နံရံကပ်စာစောင်ပြသရာတွင် မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ အသုံးများသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေး စွဲလူငယ်များ၏ထူးခြားမှုများ၊ လူငယ်များ မူးယစ်ထုံထိုင်းဘေးဖြစ်စေတက်သော ဆေးဝါးများစွဲစေသော အကြောင်းရင်းများ၊ မူးယစ်ဆေးစွဲသူ ဘဝ မရောက်အောင်ဘယ်လိုကာကွယ်ကြမလဲ၊ မူးယစ်‌ ဆေးဝါးသုံးစွဲခြင်းကို တားဆီးရမည့် နည်းလမ်းများအကြောင်းများ ပြသ ထားရှိရာ စာဖတ်ပရိသတ် လူကြီး၊ လူငယ်များ စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပါသည်။

ဌေးဌေးလှိုင်