နမ့်ဆန် ဖေဖော်ဝါရီ ၁၅
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ နိုင်ငံဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်း (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက နိုင်ငံဝန် ထမ်းကျင့်ဝတ်စာအုပ် အခန်း (၁၁)ခန်းရှိရာမှ အခန်း(၁) ရည်ရွယ်ချက်အား ရှင်းပြပြီး ဒုတိယဦးစီးမှူး ဒေါ်ထားထားလှိုင်က အခန်း(၂) နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များ၊ အခန်း(၃) ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း၊ ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း၊ လုပ်သားရုပ်သံ ဒေါ်ချိုချိုစန်းက အခန်း(၄) လုပ်ငန်းတာဝန်များကို ဇွဲလုံ့လ ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန်ထိရာက်စွာဆောင်ရွက်ခြင်း၊ အခန်း(၅) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ရှိခြင်း စသည်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင်ရ ဒေသအတွင်းရှိ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများအလိုက် တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် လစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာမည်ဖြစ် ပြီးနောက်အပတ်တွင် ကျန်ရှိသည့် အခန်း(၆)ခန်းကို စာဖတ်ဝိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)