တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၂)ကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်သွားလာကြရန် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ မိုးမလင်းဈေး၌ ဈေးရောင်း၊ ဈေးဝယ်နေကြ သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်သွားလာကြရန် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ ခြင်းကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအားပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)အမျိုးအစား ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူမျာအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm အမျိုး အစားကို မြို့ပေါ်ရပ်ကွက် ရှိ ပြည်သူများအား ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများနှင့် ပါးစပ်နှာခေါင်း (Mask)များ အခမဲ့ဖြန်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန် က ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ လူသွားလူလာများသော လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်ပြီး ဖြန့်ဝေပေးခဲ့ကြပါသည်။

ငဖဲမြို့နယ်တွင် ကျောင်းသားကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လို သူများကို ပန်းခင်း စီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက မင်းလွင်ကျေးရွာအုပ်စု မင်းလွင်-ကျောင်းကုန်း အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ(၁၁၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရ သည်။

ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆက်လက်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝအထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများထံသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ် - ၁၉(အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် လောင်းလုံးမြို့အထွက်တို့တွင် ယမန်နေ့ နံနက်(၈)နာရီ အချိန်က လောင်းလုံးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် Mask Campaign နှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇသစ် အိုမီခရွန်(Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါပိုး ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ စျေးရောင်းချနေမှုရှိ/မရှိစားသောက်ဆိုင်၊ ကုန်မာဆိုင်/ ကုန်မာဆိုင်များအား ရှောင်တခင်စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့ညနေ (၃)နာရီအချိန် က မြို့ပေါ်ရပ်ကွက်အတွင်း စားသောက်ဆိုင်များနှင့် ကုန်မာဆိုင် ကုန်စုံဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ စားသောက်ဆိုင်များတွင် ရောင်းချနေသော အရောင်းဝန်ထမ်းများ၊ ဆိုင်ပိုင်ရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး/မပြီး ဆေးထိုးကတ်ပြားများ စစ်ဆေးခြင်းနှင့် အသိပညာပေးမှုများဆောင်ရွက်ကြကြောင်း သိရသည်။

မူဆယ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်Mask များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ အိုမီခရွန်(Omicron) ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များနှင့် လက်ကမ်း စာစောင်များကို မူဆယ်မြို့လယ်နာရီစင်၊ မူဆယ်မြို့လယ်မီးပွိုင့်နှင့် မြို့အထွက်ဂိတ်တို့တွင် ယနေ့နံနက် ၈နာရီအချိန်က တစ်ပြိုင်တည်း ဖြန့်ဝေခဲ့ကြောင်း သိရ သည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron)ရောဂါ ပြန့်ပွါးမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညနေ (၃)နာရီ အချိန်က ရေဖြူမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ရေး-ထားဝယ် ကားလမ်းပေါ်တွင် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Subscribe to