ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် ပထမအကြိမ် စတင်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) သတ္တမအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စုရပ်တွင် ယမန်နေ့နံနက်(၉) နာရီက စတင်ထိုးနှံပေးသည်။

မေတ္တာမြို့ (အထက -မေတ္တာ)တွင်နယ်လှည့်မိုဘိုင်းစာအုပ်ငှားရမ်းပေးခြင်းဆောင်ရွက်

မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများသည် ဒေသခံပြည်သူများအသိပညာ ဗဟုသုတများကို အလွယ်တကူ ရှာမှီးနိုင်ရေး ရည်ရွယ်၍ စာအုပ်၊ စာစောင်များ မိုဘိုင်းငှားရမ်းပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၉နာရီအချိန်က အမှတ် (၂) ရပ်ကွက်၊ အ.ထ.ကမေတ္တာကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း၀င် ဗိဿနိုးဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်သို့ လူမှုရေး၀န်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့နံနက် က ရောက်ရှိခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် အခြေခံပညာဦးစီးဌာနနှင့် CFPA တို့ပူးပေါင်းကျင်းပသည့် ရောင်စုံအနာဂတ်ပန်းချီပြိုင်ပွဲဆုချီးမြင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အခြေခံပညာဦးစီးဌာနနှင့် တရုတ်နိုင်ငံဆင်းရဲ နွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံရုံး CFPA တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ရောင်စုံအနာဂတ် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရေးမြို့နယ် တူး​မြောင်း​ကျေးရွာ အခမဲ့ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ဆေးခန်းနှစ်ပတ်လည်အခမ်းအနားကျင်းပ

မွန်ပြည်နယ် ​မော်လမြိုင်ခရိုင်၊ ​ရေးမြို့နယ်တွင် သာသနာပြုဆရာ​​တော်ဘဒ္ဓန္တပုဖ္မရမ္မ(ကိုရင်​လေးဆရာ​တော်)ဦးဆောင်​သော အခမဲ့ကျန်းမား​ရေး​စောင့်​ရှောက်မှု ​ ဆေးခန်းနှစ်ပတ်လည် အခမ်းအနားကို တူး​မြောင်း​ကျေးရွာအုပ်စု ပုဖ္ပဝတီ​ကျေးရွာ ကျိုက်​ဒေ့တ​မော့ဗရတ်သာသနာပြုနယ်​မြေ အခမဲ့ကျန်းမာ​ရေး​စောင့်​ရှောက် မှု​ဆေးခန်း​ရှေ့၌ ယမန်​နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့​ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ပင်လယ်ကျေးရွာတစ်ရွာဖြစ်သည့် အော်ကြီးကျေးရွာအုပ်စု၊ အော်ကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။

နတ်တလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အင်တာနက် အီးမေးလ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ အင်တာနက် အီးမေးလ် အသုံးပြုနည်း သင်တန်းကို ယနေ့ နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်ခဲ့သည်။
Subscribe to