ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်သွားလာကြရန် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ

ဗန်းမော် ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ မိုးမလင်းဈေး၌ ဈေးရောင်း၊ ဈေးဝယ်နေကြ သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်သွားလာကြရန် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ ခြင်းကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) အခုရေ ၃၅ဝဝ ကို ဈေးရောင်း၊ဈေးဝယ်သွားလာနေသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကြိုတင် ကာကွယ်ရန် လိုက်နာရမည့် အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)