ငဖဲမြို့နယ်တွင် ကျောင်းသားကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

ငဖဲ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်း စီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မင်းလွင်ကျေးရွာအုပ်စု မင်းလွင်-ကျောင်းကုန်း အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ(၁၁၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရ သည်။

ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ  ဒု-လ၀ကမှူးဦးအောင်ကိုလတ်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအခမဲ့ ပြုလုပ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စနစ်တကျ ထိန်းသိမ်း ကိုင်တွယ် အသုံးပြု ရန်ပြောကြားပြီး ဒု-လဝကမှူးဦးအောင်ကိုလတ်နှင့်ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ ၃(က)ပြုလုပ်သူ ကျောင်းသား (၆၂)ဦး နှင့် ကျောင်းသူ (၅၆)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၁၈)ဦးတို့အား အထောက်အထားများစိစစ်ကာ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)