အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးဂဟေဆက်သင်တန်းဆင်းပွဲနှင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရေး လုပ်ငန်းကော်မတီ၏ ဂဟေဆက်သင်တန်းဆင်းပွဲနှင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ရန်ကင်းမြို့နယ်အမှတ် ၁၃ ရပ်ကွက်ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာ ရဲစခန်းအား အကြမ်းဖက်သူများ လာရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်လက်နက်ကိုင် အင်အား ၆၀ ဦးခန့်မှ ရဲစခန်း၏ အရှေ့ဘက် အနောက်ဘက်မြောက်ဘက် နေရာများမှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သများ အရှေ့ဘက်အနောက်ဘက်၊ မြောက်ဘက်အရပ်များသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းဖြန့်ဝေခြင်း (Mask Campaigm) နှင့် အသိပညာပေးလုပ်ငန်းများ သံတွဲ၌ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်မှုမဖြစ် ပွားစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် ယနေ့နံနက် ၈နာရီက အမှတ်(၈) ရပ်ကွက် ယာယီပျံကျဈေးရှေ့တွင် ပါးစပ်၊ နှာခေါင်းစည်း ဖြန့်ဝေခြင်း (Mask Campaigm) နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အင်တာနက် အီးမေးလ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ အင်တာနက် အီးမေးလ် အသုံးပြုနည်း သင်တန်းကို ယနေ့ နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်ခဲ့သည်။

နတ်တလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမန်နေ့ နေ့လည်၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ် ဗိုလ်ချူပ်လမ်းဆုံတွင် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချူပ်လမ်းဆုံတွင် ယနေ့ နံနက် ၇ နာရီအချိန်၌ လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaignနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်း များ ပြုလုပ်ခဲ့သည်။
Subscribe to