ရမ်းဗြဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ရမ်းဗြဲ    ဖေဖေါ်ဝါရီ    ၁၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများနှင့် ပါးစပ်နှာခေါင်း (Mask)များ အခမဲ့ဖြန်ဝေခြင်းကို ယနေ့နံနက် နာရီအချိန် က ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ လူသွားလူလာများသော လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်ပြီး ဖြန့်ဝေပေးခဲ့ကြပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်းဈေးဝယ်ရန် သွားလာနေသူများ၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ခရီးသွားပြည်သူများကို ပို့ဆောင်သည့်အခါ ပါးစပ်နှာခေါင်း (Mask) များကိုစနစ်တကျ  တပ်ဆင်သွားလာကြရန် မှာကြားပေးခြင်း၊ ဟောင်းနွမ်းသည့်ပါးစပ်နှာခေါင်းစည်း (Mask) များကို မတပ်ဆင်ကြရန်မှာကြားပေးခြင်း အသစ်လှဲလှယ်ပေးပြီး စနစ်တကျတပ်ဆင်စေခြင်း၊ လူစုလူဝေးရှောင်ရှားကြရန်၊ မလိုအပ်ပဲအပြင်မထွက်ကြရန်၊ အပြင်သို့ထွက်ခွာသွားလာမည်ဆိုပါက ပါးစပ်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပြီးမှ အသွားအလာပြုလုပ်ကြရန် မှာကြားသည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော သတ်မှတ်ညွှန်ကြားချက်များကို မဖြစ်မနေလိုက်နာကြရန် မှာကြားပေးပြီးနောက် ပါးစပ်နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပါသည်။

အောင်နိုင်