ရေဖြူ ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron)ရောဂါ ပြန့်ပွါးမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညနေ (၃)နာရီ အချိန်က ရေဖြူမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ရေး-ထားဝယ် ကားလမ်းပေါ်တွင် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံတွင်လည်း ကူးစက်မှု ရှိလာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော် လည်း ကြောက်စရာမဟုတ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစု လူဝေးရှောင်ရှားခြင်း၊ အပြင်ထွက်တိုင်း(Mask)ကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသော စည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်း Mask များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင့် သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကိုနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်၊ ကျန်းမာရေး ဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခတ်တာ