မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၀၀ ကျော် စိုက်ပျိုးမည့်တောင်သူများအား သိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြင့် သတ်မှတ်အရည်အသွေး ပြည့်မီသည့် မျိုးကောင်းမျိုးသန့်ဝါမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်စေရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်
မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၀၀ကျော် စိုက်ပျိုးမည့် ဒေသခံ တောင်သူများအား သိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြင့် သတ်မှတ်အရည်အသွေးပြည့်မီသည့် မျိုးကောင်းမျိုးသန့်ဝါမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က လှည်းပွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။