ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါပိုး ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ စျေးရောင်းချနေမှုရှိ/မရှိစားသောက်ဆိုင်၊ ကုန်မာဆိုင်/ ကုန်မာဆိုင်များအား ရှောင်တခင်စစ်ဆေး

ရေဖြူ   ဖေဖော်ဝါရီလ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့ညနေ ()နာရီအချိန် က မြို့ပေါ်ရပ်ကွက်အတွင်း စားသောက်ဆိုင်များနှင့် ကုန်မာဆိုင် ကုန်စုံဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ စားသောက်ဆိုင်များတွင် ရောင်းချနေသော အရောင်းဝန်ထမ်းများ၊ ဆိုင်ပိုင်ရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ()ကြိမ် ထိုးနှံပြီး/မပြီး ဆေးထိုးကတ်ပြားများ စစ်ဆေးခြင်းနှင့် အသိပညာပေးမှုများဆောင်ရွက်ကြကြောင်း သိရသည်။

ယင်းသို့ စားသောက်ဆိုင်များအား စစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဆန်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းရွှေ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆိုင်ရောင်းချသူများလိုက်နာရမည့်အချက်များ၊ အသိပေးဗွီနိုင်းကြော်ညာများ ကပ်ထားကြေငြာထားရှိစေရေး၊ ဈေးရောင်းသူများ ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျဝတ်ဆင်လျက် ရောင်းချစေရေး၊ လက်သန့်ဆေးရည်/ဆပ်ပြာရည်နှင့် လက်ဆေးဘေစင်ထားရှိ၍ ဆိုင်အတွင်းမဝင်မီ စနစ်တကျစက္ကန့် (၂၀)ကြာအောင် လက်ဆေးစေရေးစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းကို မပျက်မကွက် လိုက်နာကြပါရန်နှင့် ဆိုင်ပိုင်ရှင်များနှင့် ဆိုင်အရောင်းဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ()ကြိမ် ထိုးနှံပြီး/မပြီး ဆေးထိုးကတ်ပြားများစစ်ဆေးခြင်း ကာကွယ်ဆေး မထိုးရသေးသူများ ကာကွယ်ဆေးသွားရောက်ထိုးနှံကြရန် အသိပေးပညာပေးကာ Mask များအခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။

ခတ္တာ (ရေဖြူ)