လောင်းလုံး ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် လောင်းလုံးမြို့အထွက်တို့တွင် ယမန်နေ့ နံနက်(၈)နာရီ အချိန်က လောင်းလုံးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် Mask Campaign နှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇသစ် အိုမီခရွန်(Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇသစ် (အိုမီခရွန်) ရောဂါကူးစက်ပြန့်နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာခြင်းနှင့် မြန်မာနိုင်ငံတွင် ပိုးတွေ့လူ များပြားလာခြင်းတို့ကြောင့် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်(အိုမီခရွန်)ကို ကြိုတင် ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ (အိုမီခရွန်) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း များပြုလုပ်ခဲ့ကြောင်းသိရသည်။