တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ်ဓမ္မာရုံ၊ ဆောက်လုပ်ရန်အတွက် ပထမအကြိမ်အလှူငွေ ပေးအပ်ပွဲသို့တက်ရောက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း၊ တက္ကသိုလ်ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။