ရေးမြို့နယ် တူး​မြောင်း​ကျေးရွာ အခမဲ့ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ဆေးခန်းနှစ်ပတ်လည်အခမ်းအနားကျင်းပ

​ရေး     ​ဖေ​ဖော်ဝါရီ     ၁၉

မွန်ပြည်နယ် ​မော်လမြိုင်ခရိုင်၊ ​ရေးမြို့နယ်တွင် သာသနာပြုဆရာ​​တော်ဘဒ္ဓန္တပုဖ္မရမ္မ(ကိုရင်​လေးဆရာ​တော်)ဦးဆောင်​သော အခမဲ့ကျန်းမား​ရေး​စောင့်​ရှောက်မှု ​ ဆေးခန်းနှစ်ပတ်လည် အခမ်းအနားကို တူး​မြောင်း​ကျေးရွာအုပ်စု ပုဖ္ပဝတီ​ကျေးရွာ ကျိုက်​ဒေ့တ​မော့ဗရတ်သာသနာပြုနယ်​မြေ အခမဲ့ကျန်းမာ​ရေး​စောင့်​ရှောက် မှု​ဆေးခန်း​ရှေ့၌  ယမန်​နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့​ကြောင်း သိရသည်။

ပထမဦးစွာ ဘဒ္ဓန္တပုဖ္မရမ္မ(ကိုရင်​လေးဆရာ​တော်)က အဖွင့်သြဝါဒမြွက်ကြားခြင်း၊ မွန်ပြည်သစ်ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးနိုင်​ဇေယျက ပြည်သူများအတွက် ယခုလို ဆရာ​​တော်ဦးဆောင်သည့်  အခမဲ့ ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ဆေးခန်း ရေရှည်တည်တံ့​စေရန်အတွက် မိမိအပါအဝင် ​ဒေသခံပြည်သူများမှ ဝိုင်းဝန်းပံ့ပိုး​ဆောင်ရွက်​ပေးကြရန် အဖွင့်အမှာစကား ထပ်​လောင်း​ပြောကြားခဲ့သည်။

ထို့​နောက်အခမဲ့ ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ဆေးခန်းသို့ အလှူ​ငွေများ​ပေးအပ်ရာ မွန်ပြည်သစ်ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး   နိုင်​ဇေယျာက ငွေကျပ်(၁၀) သိန်းနှင့် ​စေတနာရှင်အလှူရှငများကလည်း အလှူ​ငွေများ ​ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မွန်ပြည်သစ်ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး နှင့်ဗဟို​ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ပရဟိတအသင်များနှင့် ​စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့​ကြသည်။

ဆရာ​​တော်ဦးဆောင်​သော   အခမဲ့ကျန်းမာ​ရေ ​စောင့်ရှောက်မှု​ဆေးခန်းမှ တစ်နှစ်အတွင်းပြင်ပလူနာ  (၁၀၃၆၆)ဦး၊ အတွင်းလူနာ(၅၇၂)ဦး အခြား​ဆေးရုံသို့လွှဲ​ပြောင်း(၃၆၈)ဦး၊ က​လေး​မွေးဖွားပေးနိုင်မှု (၁၃၀)ဦးနယ်လှည့်​ဆေးကုသမှု (၁၅)ရွာ၊ ​အောက်ဆီဂျင်အိုး ၄၀ လီတာ (၄၃၂)အိုး၊ (၁၀/၁၅)လီတာ   (၁၂၁)အိုးဖြန့်​ဝေ​ပေးနိုင်ခြင်းနှင့် အခြား​ဆောင်ရွက်မှု(၅၂၄)ကြိမ်တို့ကိုဒေသတွင်း​ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာကျောင်းသား၊ ​ကျောင်းသူများ၊ မွန်အမျိုးသားကျန်းမာ​ရေးဌာန၊ သားဖွားဆရာ၊ ဆရာမ များ၊ ပရဟိတအသင်းများနှင့် လုပ်အားဒါနပြုသူများတို့၏ အားဖြင့်  စု​ပေါင်း​ဆောင်ရွက်​ပေးနိုင်ခဲ့​ကြောင်းသိရသည်။

ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)