နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အဋ္ဌမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရ အကျော်စာမေးပွဲတွင်အောင်မြင်သော စာအောင်သာမဏေ၊ သီလရှင်များအား အောင်လက်မှတ် ဆက်ကပ်ခြင်းနှင့် ဆုနှင်းသဘင်အခမ်းအနား တက်ရောက်ကြည်ညို
နေပြည်တော် ရန်အောင်မြင် ပရိယတ္တိသာသနာလင်္ကာရအသင်းက ကြီးမှူးကျင်းပသော အဋ္ဌမအကြိမ် ရန်အောင်မြင်သာသနာလင်္ကာရအကျော်စာမေးပွဲတွင် အောင်မြင်သော စာအောင် သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွှေလက်လှစေတီတော် ရင်ပြင်တော်ရှိ ယာယီမဏ္ဍပ်၌ကျင်းပရာ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တဇနိန္ဒ ဆရာတော်မထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။