နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အင်တာနက် အီးမေးလ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပို့ချဆောင်ရွက်

နမ္မတူ   ဖေဖော်ဝါရီ    ၁၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ အင်တာနက် အီးမေးလ် အသုံးပြုနည်း သင်တန်းကို ယနေ့ နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက နိုင်ငံဝန်ထမ်းများအား ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ယခုလို အင်တာနက် အီးမေးလ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးမှ အီးမေးလ်အကောင့်ဖွင့်နည်း၊ အီးမေးဖြင့် ရုံးစာပေးပို့နည်း၊ ဗွီဒီယိုဖိုင် ပေးပို့နည်းနှင့် ဗွီဒီယိုဖိုင်တည်းဖြတ်နည်းများအား လက်တွေ့ အသုံးပြုနိုင်ရေး ရှင်းလင်းပို့ချခဲ့ရာဌာန ဆိုင်ရာများမှ ဝန်ထမ်း (၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)