နတ်တလင်း ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ရပ်ကွက်/ကျေးရွာများ၌ ကိုဗစ်ကာကွယ်ရေး အသိပညာပေးဆော်ဩခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်စေရေး ပြည်သူများအား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ နေထိုင်စေရေး၊ Mask Campaign များ ပြုလုပ်စေရေး၊ မြို့ အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အထူးကြပ်မတ် စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ် ဆေးထိုးနှံရန် နှိုးဆော်ပေးရေးနှင့် ဆေးထိုးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ကာ Quarantine Centre ပြန်လည်ထားရှိရေး၊ မိမိကိုယ်မိမိ ကိုဗစ်-၁၉ရောဂါ မဝင်ရောက်နိုင်စေရန် ထိန်းသိမ်း နေထိုင်စေရေး၊ ဈေးများ၊ စားသောက်ဆိုင်များ ကိုဗစ်စည်းကမ်း ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချပေးရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)