ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါပိုးအကြောင်း သိကောင်းစရာ ကျန်းမာရေး အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကိုဗစ်-၁၉‌ရောဂါ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါပိုးကြောင်း သိကောင်းစရာ ကျန်းမာရေးအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

တာလေမြို့ မိုင်းလင်းအနောက်၊ ဝမ်ပိုင်းကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း (အနောက်) ကျေးရွာအုပ်စု၊ ဝမ်ပိုင်းကျေးရွာအတွင်း စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ယမန်နေ့က စည်ပင်သာယာရေး ဌာနမှ မြို့ဦးစီးမှူး ဦးမနားရွှီးထံမှ သိရသည်။

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီသွားလုပ်ငန်းကော်မတီ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်ခင်းခြင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌ နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၃၁.၆၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့အား Green City , Clean City ဖြစ်စေရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အား Green City, Clean City ဖြစ်စေရန်အတွက် မြို့ဝင်မြို့ထွက်လမ်းမကြီးများတစ်‌လျှောက် သန့်ရှင်း သာယာလှပ စေရန်၊ ပြည်သူများ စည်းကမ်းလိုက်နာ လိုက်နာကြရန်၊

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ကာလ ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေစဉ် မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးနှင့် ဆေးဝါးပြတ်လပ်မှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်ရှိ စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Does)ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် လယ်မကျေးရွာရှိ “တင်ဟော့”ဇာထိုးပန်းထိုးအလုပ်ရုံမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Does)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါအလုပ်ရုံသို့ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ပြင်စလူမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Kovichi)များအား ယနေ့ နံနက် (၁၀)နာရီ အချိန်မှစတင်၍ ပထမအကြိမ် ဆေးထိုးစုရပ်ဖြစ်သည့် ပြင်စလူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထားဝယ်မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကြက်ခြေနီ၊ သူနာပြုတပ်ဖွဲ့များက ထားဝယ်မြို့ပေါ် ရပ်ကွက်များအတွင်း အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to