မေတ္တာမြို့ (အထက -မေတ္တာ)တွင်နယ်လှည့်မိုဘိုင်းစာအုပ်ငှားရမ်းပေးခြင်းဆောင်ရွက်

မေတ္တာ   ဇန်နဝါရီ ၁၈

မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများသည် ဒေသခံပြည်သူများအသိပညာ ဗဟုသုတများကို အလွယ်တကူ ရှာမှီးနိုင်ရေး ရည်ရွယ်၍ စာအုပ်၊ စာစောင်များ မိုဘိုင်းငှားရမ်းပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၉နာရီအချိန်က အမှတ် (ရပ်ကွက်၊ အ.ထ.ကမေတ္တာကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုများအား နည်းလမ်းအမျိုးမျိုးဖြင့် ၀န်ဆောင်မှု ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိရာ စာအုပ်၊စာ ပေချစ် မြတ်နိုးသူများ၊ စာကြည့်တိုက်သို့ လာရောက်ရန် အချိန်မပေးနိုင်သူများအတွက် နယ်လှည့်မို ဘိုင်းစာအုပ်ငှားရမ်းပေးခြင်းဖြင့် စာဖတ်နှုန်း ဦးရေတိုးပွားရေးကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစာအုပ်ငှားရမ်းရာမေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးမှ ဝန်ထမ်းများကသုတ၊ ရသစာအုပ်များ၊ကလေးအကြိုက်စာအုပ်များ၊လူကြီးအကြိုက်စာအုပ်များစသည့်စာအုပ်အမျိုးအစားအစုံ အလင် ယူဆောင်ပြီး စာပေဝါသနာရှင်များထံသို့ မိုဘိုင်းငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

နန်းခလိုက်(မေတ္တာ)