ကျိုက်လတ်မြို့အား Green City , Clean City ဖြစ်စေရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်

ကျိုက်လတ် ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အား Green City, Clean City ဖြစ်စေရန်အတွက် မြို့ဝင်မြို့ထွက်လမ်းမကြီးများတစ်‌လျှောက် သန့်ရှင်း သာယာလှပ စေရန်၊ ပြည်သူများ စည်းကမ်းလိုက်နာ လိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးသည့်အ‌နေဖြင့် သန့်ရှင်းရေး‌ဆောင်ရွက်ခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြ‌ ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်‌ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဇေယျ၊ အဖွဲ့ဝင် ဦးစိန်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ   ဦးဆောင်ကြီးကြပ်၍  ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များစုပေါင်း၍ ကျိုက်လတ်မြို့‌ပေါ်ရပ်ကွက်များရှိ စည်ပင်ပိုင်လမ်းမကြီးများ၊ လမ်းသွယ် များနှင့် လမ်းဦးစီးဌာနပိုင် လမ်းမကြီးများတွင် အမှိုက်ကင်းစင်၍ သန့်ရှင်းသာယာလှပရေး၊ နေ့စဉ်ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များ၌ အမှိုက်ပုံးများ စနစ်တကျထားရှိရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းမရှိစေရေးတို့ အတွက် ပြည်သူများအား အသိပညာ ပေးဆောင်ရွက်ခြင်းနှင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှိုက် ကောက်ခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်