ပြင်စလူမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေး

ပြင်စလူ     ဖေဖော်ဝါရီလ     ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Kovichi)များအား ယနေ့ နံနက် (၁၀)နာရီ အချိန်မှစတင်၍   ပထမအကြိမ်  ဆေးထိုးစုရပ်ဖြစ်သည့်  ပြင်စလူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပြင်စလူမြို့၊ ကျန်းမာရေး ဦးစီးဌာန၊ ကြီးကြပ်() ဦးကျော်မျိုးသူနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိသည်။

ယနေ့ ထိုးနှံပေးသည့် ကိုဗစ်ရောဂါကာကွယ်ဆေးမှာ  အိန္ဒိယနိုင်ငံထုတ် (Kovichi) အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျင် (၁၁)ဦးထိုးနှံပေးပြီး အသက်(၁၈)နှစ်နှင့်အထက်   ရပ်ကွက်နှင့်  ကျေးရွာ အုပ်စုများမှ ပြည်သူ စုစုပေါင်းလူဦးရေ (၄၀၀) ကျော်အတွက်   ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြင်စလူမြို့သည် ရေလမ်းတစ်ခုထဲကိုသာ အားကိုး၍သွားလာရသောဒေသ ဖြစ်ခြင်းကြောင့် အချို့ ကျေးရွာများမှ ဒေသခံပြည်သူများကို စောင့်ဆိုင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းထွန်း