တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် မြို့နယ် အရန်မီးသတ်တပ်ရင်းသည် စေတနာရှင် ပြည်သူများနှင့် ပူးပေါင်း ကာ ပါးစပ်/ နှာခေါင်းစည်း Face Mask များ အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။

မုံရွာမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပေးနှိုးဆော်၊ တစ်ခါသုံး Mask များ အခမဲ့ဖြန့်ဝေ

မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် ကုသရေးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာမြို့၊ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လောင်း၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဘောလုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်အားကစားကွင်း၌ စတင်ကျင်းပခဲ့သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မိုင်းအန္တရာယ်အသိပညာပေး (Talk Show) အစီအစဉ်ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်း (၁) နာရီ အချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ သူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ မိုင်းအန္တရာယ်အကြောင်း အသိပညာပေး (Talk Show)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာအကြောင်းသိကောင်းစရာ TALK SHOW ပြုလုပ်

စားသုံးသူရေးရာအကြောင်း သိကောင်းစရာ Talk Show အသိပညာပေး Online Talking ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူ့ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်၌ လက်ကိုင်ရှည် လက်တွန်းထွန်စက် ထွန်ယက်ခြင်း သရုပ်ပြပွဲ အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သနပ်ပင်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၇၃) စက်မှုလယ်ယာစခန်းမှ ကြီးမှူးကျင်းပသော လက်ကိုင်ရှည် လက်တွန်းထွန်စက် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ရေကျော်ကျေးရွာ ရွှေကျီးပင် မူလတန်းလွန်း ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား လူငယ်များအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များ ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများကို ကြူဝါးပင်နှင့် ကိုင်းကြံပင်များစိုက်ပျိုးခြင်းဖြင့် ကမ်းပါးပြိုကျမှုများ ကာကွယ်နိုင်

ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှာနေ ထိုင်တဲ့ ဦးမြင့်ထွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ကျေးရွာဟာဆိုရင် ချင်းတွင်းမြစ်ကမ်းနံဘေးမှာ တည်ရှိတာကြောင့် မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိပါတယ်။ မိုးရာသီရောက်တာနဲ့ ချင်းတွင်းမြစ် ရေမြင့်တက်လာတာအမျှ ရေစီးကလည်းသန်ပြီး ရေတိုက်စားလို့ ပြိုတာကတစ်ကြောင်း၊ မြစ်ထဲမှဖြတ်သန်းသွားလာနေကြတဲ့ ရေယာဉ်တွေရဲ့ ရေလှိုင်းနဲ့ ရာသီဥတုကြောင့်ဖြစ်ပေါ်တဲ့ ရေလှိုင်းတွေကြောင့် မြစ်ကမ်းပါးပြိုကျတဲ့ ဒဏ်ကို ရွာကအတော်ခံခဲ့ရပါတယ်။

မြောက်ဦးခရိုင်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်း အဝေး ကျင်းပ

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်၌ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီ အစည်းအဝေးကိုထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to