ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါပိုးအကြောင်း သိကောင်းစရာ ကျန်းမာရေး အသိပညာပေး Talk Show ပြုလုပ်

ညောင်တုန်း ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကိုဗစ်-၁၉‌ရောဂါ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါပိုးကြောင်း သိကောင်းစရာ ကျန်းမာရေးအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆားမလောက် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသန်းနိုင်တို့က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ ကိုဗစ်-၁၉‌ ရောဂါ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်နိုင်မှုနှင့် ရောဂါလက္ခဏာများ၊ ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လိုက်နာရမည့် အချက်များနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉‌ရောဂါပိုးတွေ့ရှိမှု အခြေအနေများ စသည့် ကိုဗစ်-၁၉‌ရောဂါ မျိုးဗီဇ‌ပြောင်း အိုမီခရွန်ရောဂါပိုးအကြောင်း သိကောင်းစရာ အကြောင်းအရာများကို ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ Talk Showအစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Pageတွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)