ပျော်ဘွယ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများစုပေါင်း၍ ဖွဲ့စည်းခဲ့သော အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။