သာယာဝတီခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူ (၆၅၉၁)ဦး ဝင်ရောက် ဖြေဆိုမည်

သာယာဝတီ   ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုရန် ကျောင်းသား/ ကျောင်းသူ(၄၉၂၄)ဦးနှင့် ပြင်ပဖြေဆိုရန်(၁၆၆၇)ဦး ရှိပြီး သာယာဝတီ မြို့နယ်တွင် အတွင်း/အပြင်ပေါင်း (၁၂၁၇)ဦး၊လက်ပံတန်းမြို့နယ်တွင် အတွင်း/အပြင်ပေါင်း (၉၂၉)ဦး၊မင်းလှမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၈၁၆)ဦး၊ မိုးညိုမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၆၈၂)ဦး၊ အုတ်ဖိုမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၇၀၀)ဦး၊ ကြို့ပင်ကောက်မြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၇၈၆)ဦး၊ဇီးကုန်းမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၈၀၆)ဦး၊ နတ်တလင်းမြို့နယ်တွင် အတွင်း/အပြင်ပေါင်း (၆၅၅)ဦး၊ စုစုပေါင်း အတွင်း/ အပြင်ပေါင်း (၆၅၉၁)ဦးသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။

သာယာဝတီခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၃၀) စီစဥ်ထားရှိပြီး  အတွဲ(၁)ဖြေဆိုသူ အတွင်း/ အပြင် ပေါင်း(၃၉၀၁)ဦး၊ ဘာသာတွဲ(၂)ဖြေဆိုသူ အတွင်း/အပြင် ပေါင်း(၁၃၁၅) ဦး၊ ဘာသာတွဲ(၇)ဖြေဆိုသူ အတွင်း/အပြင် ပေါင်း(၁၃၇၅)ဦး၊ စုစုပေါင်း (၆၅၉၁)ဦးသည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားကြောင်း သာယာဝတီခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

သန့်ဇော်(သာယာဝတီ)