ရေနံချောင်း ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ် စေရေးအတွက် ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) များတပ်ဆင် သွားလာသည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင် သွားကြရန်ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ရေနံချောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့နှင့် လမ်းမတော် လမ်းမကြီးတစ်လျောက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ခဲ့ကြပြီး ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ် ပေါ်စေရေးအတွက် ပြည်သူများအနေဖြင့် အိမ်အပြင်ထွက်သည့်အခါတိုင်းနှာခေါင်းစည်း (mask)များ တပ်ဆင်သွားလာကြရန်နှင့် လက်ကို မကြာခဏ ဆေးကြောပေးကြရန် ကျန်းမာရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ