ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ဟိုပုံး   ဖေဖော်ဝါရီ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန်  ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign ကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာ‌ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊  မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ခရီးသွားပြည်သူများအား  နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးကို တတ်နိုင်သမျှရှောင်ရှားရန်၊ လက်ကို စနစ်တကျ ဆေးကြောရန်  အစရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးပြောင်း အိုမီခရွမ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့‌ကြောင်း သိရသည်။

လတ်တ‌လောကာလတွင် ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ပြန်လည်တွေ့ရှိနေရသောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)