သဲကုန်း မြို့မစည်ပင်သာယာဈေးတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

သဲကုန်း  ဖေဖော်ဝါရီ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲက သဲကုန်းမြို့မစည်ပင်သာယာဈေးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က သဲကုန်းမြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို မြို့နယ်အတွင်း ကိုဗစ် - ၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီးမှသာ ဈေးရောင်းဈေးဝယ် ပြုလုပ်ကြစေလိုကြောင်း၊ တတ်နိုင်သမျှ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်း အား ရှောင်ကြဉ်ကြရန်၊ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးချိန်တိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျ ဆေးကြောရန်၊ လက်မဆေးခြင်းမပြုမီ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင်မှ ပြန်လာသည့်အခါ နှာခေါင်းစည်းကို စနစ်တကျစွန့်ပစ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်ကြရန်၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအား အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုအားခံယူကြရန် စသည့် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ 

ချစ်နှင်းသုန်(ပြန်/ဆက်)