မိုးနဲ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မိုးနဲမြို့ လွိုင်မြေရပ်ကွက်ရှိ ဝိဇ္ဇာရိယ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း၍ သာသနာ့အနွယ်ဝင်စိစစ်ရေးကတ်နှင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ တက်ရောက်နေကြသော ကိုရင် အပါး ၂၀ အတွက် သာသနာ့အနွယ်ဝင်စိစစ်ရေးကတ် ၊ကျောင်းသား/ ကျောင်းသူ ၁၅ ဦးအတွက် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)