နောင်ချို ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေ များကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပင်စင်ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်သူများအား စနစ်တကျရှိစေရန် ၃ပေအကွာနေရာများ ချထားပေးခြင်း၊ လက်ဆေးဘေလ်စင်များ ထားရှိပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင် ထုတ်ယူရာတွင် ဖေဖော်ဝါရီလ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိ နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နံနက် (၀၇၀၀)နာရီအချိန်မှ နေ့လယ် ၁၃၀၀ နာရီအချိန်အထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေး ဘဏ် ဒုတိယမန်နေဂျာထံမှ သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)